လေ့လာစရာ စာမျက်နှာများ

Wednesday, October 17, 2012

၂၁ နှစ်ခရီးရဲ့ အိမ်အပြန် အမှတ်တရများ (၁)

၂၁ နှစ်ကြာ တိုင်းပြည်က ထွက်လာ ခဲ့ပြီးနောက် နောက်တစ်ပတ် ထဲမှာ ကျွန်တော် မြန်မာပြည် ကို အပြီး
ပြန်တော့မယ်။ ကိုယ့်အိမ်ကိုယ့်ယာ လို့ သတ်မှတ်ပြီး ပြန်နေဖို့ပါ။ ၁၉၈၈ ကစပြီး လျှောက်ခဲ့တဲ့ ဒီခရီးမှာ ဒီမိုကရေစီ အရေး လှုပ်ရှားသူ အတိုက်အခံ တစ်ယောက် အနေနဲ့ တင်မက ပြည်ပရောက် မြန်မာ
တစ်ယောက် အနေနဲ့ပါ ဖြတ်သန်း ခဲ့ရတယ်။ ဒီ အတွေ့အကြုံ တွေကြားထဲမှာ နိုင်ငံရေး ရပ်တည်ချက်
တွေသာမက ကိုယ့်ဘဝနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း အပြောင်း အလဲဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်။ ဒီခရီးကို ဘယ်လို လျှောက်ခဲ့တယ်၊ အချိုးအကွေ့ တွေ ဘယ်လိုကြုံပြီး ဘယ်လို ဆုံးဖြတ် ချက်တွေ ချခဲ့ပြောင်းခဲ့တယ် ဆိုတဲ့ တစ်စိတ် တစ်ဒေသကို ဝေငှ ချင်တာပါ။

သမိုင်းတစ်ခုကို အတူဖြတ်ကြတယ် ဆိုပေမယ့် အဲဒီသမိုင်းကို မြင်တဲ့အမြင် ဘဝဇာတ်ခုံ ပေါ်မှာ ကရတဲ့ ဇာတ်ဝင်ခန်း တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တူကြမလဲ။ ဒီဆောင်းပါး ကတော့ အိမ်က ထွက်ပြီး အိမ်ကိုပြန်လာ ခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ ဖြတ်သန်း ခဲ့ရတဲ့ ခရီး အပိုင်းအစ တစ်ခုပါ။